ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ဒေသနှင့်ဆက်စပ်နယ်မြေတွေမှာ စစ်တပ်နှင့် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေချိန် ARSA ရဲ့ တိုက်ခိုက်မှုတွေ ကြုံနေရတယ်လို့ အာရက္ခတပ်တော်- AA က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
-ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ လှေနဲ့ သွားလာ နေတဲ့ လူငယ်တွေကို အင်းသူကြီးတွေက ငါးခိုးဖမ်းတယ်လို့ စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ဆီကို ငွေကျပ် သိန်း ၁၀၀ ကျော်နဲ့ စစ်မှုထမ်းဖို့ ရောင်းစားနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင်းကို ဝင်လာတဲ့ တရုတ်ပန်းသီးတွေ တင်ဆောင်လာသော ကားတွေကို စစ်တပ်က ဖမ်းဆီးပြီး တရားမဝင်ကုန် ပစ္စည်းသယ်ယူမှုနဲ့ တရားရုံတင် အမှုဖွင့်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
