25.6 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးနေသော ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးနေသော ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာ ရာအိမ်မှူး မြင့်အောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ၄င်းနေအိမ်အတွင်း သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များကို ရာအိမ်မှူး မြင့်အောင်က စစ်သားများထင်မှတ်ပြီး မေးမြန်းကာ ဧည့်ခံရန် လုပ်ဆောင်နေစဥ် သေနတ်ဖြင့် ၄ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရင်ဘတ်ကို ကျည် ၃ ချက်ထိမှန်​ကာ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသော ရာအိမ်မှူး မြင့်အောင် သည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ အမာခံ ဒေါက်တိုင် တစ်ဦးလည်း ဖြစ်ကြောင်း၊ ထို့ပြင် စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်​ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲဘော်တွေ အိမ်ထဲဝင်သွားတော့ စစ်ခွေးတွေထင်ပြီး ဆရာတို့က ဘယ်တပ်စိပ်ကလဲမေးတယ်။ ဆရာတို့ လက်ဖက်ရည်ကြမ်းသောက်ပါအုန်း လက်ဖက်သုတ်အုန်းမယ်ပြော​ပြီး ထတဲ့ အချိန်မှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၃ ချက်ပဲ ကျည်ထွက်ခဲ့လို့ ၃ ချက်လုံး ထိမှန်ပြီး သေဆုံးခဲ့တယ်။ အဲ့အိမ်နဲ့ မိုင်ဝက်လောက်ပဲ ဝေးတဲ့နေရာမှာ ခမရ ၆ က စစ်ခွေးတပ်တွေရှိတယ်။ စစ်ခွေး တပ်တွေရှိတော့ ကျွန်တော်တို့ရဲဘော်တွေကို စစ်ခွေးလို့ သူက ထင်သွားတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြား တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအပြင် ယင်းတို့​၏ ထောက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article