25.6 C
Yangon

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် ဆီးချိုရောဂါကြောင့် ခြေထောက်ဖြတ်ထားရသည့် အသက် ၇၅ နှစ်အရွယ် အဖွားအို ၁ ဦးကို စစ်တပ်က အဓမ္မပြုကျင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် ဆီးချိုရောဂါကြောင့် ခြေထောက်ဖြတ်ထားရသည့် အသက် ၇၅ နှစ်အရွယ် အဖွားအို ၁ ဦးကို အကြမ်းဖက် စစ်တပ်က အဓမ္မပြုကျင့်ခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဘွန်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာရှိ အသက် ၇၅ နှစ်အရွယ် အဖွားအိုတစ်ဦးကို အကြမ်းဖက် စစ်သားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယခုလ စက်တင်ဘာလ အတွင်း ဥတ္တူကျေးရွာတစ်ဝိုက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယင်း စစ်ကြောင်းတွင် လိုက်ပါလာသော စစ်သား ၁ ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်သား အဓမ္မပြုကျင့်သွားသော အဖွားအိုသည် ဆီးချိုရောဂါကြောင့် ခြေထောက် ဖြတ်တောက်ထားရသည့် ဒုက္ခိတ တစ်ဦးဖြစ်ပြီး နေအိမ်တွင် တစ်ဦးတည်းရှိနေစဥ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဓမ္မပြုကျင့်ခံရသော အဖွားအိုသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းစိတ်ရာ ထိခိုက်မှု အခြေအနေနှင့် ကြုံတွေ့နေရပြီး ကျန်းမာရေး အခြေအနေကို ဆက်လက် စောင့်ကြည့်နေရကြောင်း သိရှိရသည်။

ထိုသို့ အသက်အရွယ်ကြီးမြင့်နေပြီ ဖြစ်သည့်အပြင် ဒုက္ခိတတစ်ဦးလည်းဖြစ်သည့် အဖွားအိုတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုသည် အကြမ်းဖက် စစ်တပ်၏ အလွန့်အလွန် လူမဆန်၊ အောက်တန်းကျလွန်းသည့် လုပ်ရပ်ဖြစ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article