တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းပြင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းပြင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အရပ်သားပြည်သူများကို ဖမ်းဆီးထားခြင်းရှိမရှိနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အဲရွာတွေက စစ်ခွေးစစ်ကြောင်းကြောင့် ရွာလုံးကျွတ် ပြေးနေရတာကြာပြီ စစ်ခွေးတွေက ဒီနေ့မှ မီးဝင်ရှို့နေတာ ပြည်သူတွေ ဖမ်းဆီးခံရတာ ရှိမရှိဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ နေအိမ်ပျက်စီး အခြေအနေလည်း မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
