ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တော်လှန်သရုပ်ဆောင် ဒေါင်း၏ “Daung’s Japan Tour 2025” ပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပွဲဦးထွက်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။
အဆိုပါ Daung’s Japan Tour 2025 ပွဲကို တိုကျိုမြို့ Arena Tachikawa Tachihi တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်အများအပြားလာရောက်ခဲ့ကြောင်း သိရှိရသည်။
“ပြည်တွင်းအတွက် လိုတဲ့ နေရာတွေ ကူညီရန်အတွက် ရန်ပုံငွေရှာဖွေရေးနဲ့ အမှန်တရား ဘက်တော်သားများနဲ့ တရင်းတနှီး တွေ့ဆုံလိုသောဆန္ဒနဲ့ Daung’s Japan Tour ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် Daung’s Janpan Tour 2025 ကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့နှင် အောက်တိုဘာ ၁၉ ရက်နေ့တို့တွင် KYUSHU မြို့တို့တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။



