31 C
Yangon

ပလက်ဝမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ပလက်ဝကောင်စီ ချင်းပြည်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပလက်ဝမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့်‌ ပေါင် ၅၀၀ ဗုံသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၄၀ အရွယ် ဒေါ်သူဇာဝင်း (ခ) ဘုတ်ဘုတ်နှင့် အသက် ၁၈ နှစ်အရွယ် မမြမြခင်တို့ သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိကာ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဗုံးကျဲသွားတာကတော့ အတည်ပြုလို့ရပါတယ်။ မြို့ထဲမှာချသွားတာ ဆေးရုံအနီးတဝိုက်လို့တော့ သိရတယ်။ ထိခိုက်သေဆုံးမှုစာရင်းအတိအကျတော့ မသိရသေးဘူး။ နေအိမ် ၊ အဆောက်အအုံ ထိခိုက် ပျက်စီးမှုတွေလည်းရှိပါတယ်” ဟု ပလက်ဝကောင်စီ ချင်း ပြည်မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က – AA က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရခိုင်ဒေသအတွင်း အာရက္ခတပ်တော် -AA အပြည့်အဝ ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့၊ ရွာများရှိ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း နှင့် ဘုန်းတော်ကြီးကျောင်း အစရှိသည့် နေရာများအပြင် လူစုလူဝေးရှိသည်ဟုယူဆသော နေရာများအား အချိန်မရွေး လေကြောင်း၊ ရေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ယခင်ထက် ပိုမို သတိထားကြပါရန် နှင့် စစ်ရေးသတိ အပြည့်အဝရှိကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA/AA က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article