ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက နူးကလီးယားလက်နက်ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ နိုင်ငံတကာကို သတိပေးပြောဆိုလိုက်ပါတယ်။
တရုတ်အစိုးရက မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း မြီရှောက်ချန်းရဲ့ မိသားစုဝင် ၁၁ ဦးကို လူသတ်မှု၊ ကျားဖြန့်လိမ်လည်မှု၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှု၊ လောင်းကစားမှုနဲ့ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံကလာတဲ့သတင်းတွေ အရ သိရပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့ပေါ်မှာ ကြံ့ဖွတ်ပါတီ မဲဆွယ်စည်းရုံးရေးပွဲတွေဆီကို အကြမ်းဖက်စစ်တပ်က တစ်အိမ် ထောင် ၁ ဦးနှုန်း တက်ရောက်ဖို့ ပြည်သူတွေကို ခြိမ်းခြောက်တက်ခိုင်းနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
