29.2 C
Yangon

ပြင်ဦးလွင်၊ အုန်းချောရွာအနီး ၈ ထပ်ရေတံခွန်တွင် လူ ၅ ဦးရေထဲမျောပါ သွားပြီး အမျိုးသမီး ၂ ဦးသေဆုံး၊ ရုရှားနိုင်ငံသား ၁ ဦးကို ကယ်ဆယ်နိုင်သော်လည်း ၂ ဦးပျောက်ဆုံးနေကာ ဆက်လက်ရှာဖွေနေဆဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အုန်းချောရွာအနီး ၈ ထပ်ရေတံခွန်၌ ရုရှားနိုင်ငံသားများ အပါအဝင် ၅ ဦး ရေထဲမျောပါသွားပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံသား အမျိုး သားတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်အချိန် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာ အုပ်စု၊ အုန်းနှဲ‌ရေအရှေ့ကျေးရွာရှိ ၈ ထပ်ရေတံခွန်တောင်သို့ ရုရှားနိုင်ငံသား များအပါအဝင် အမျိုး သား၊ အမျိုးသမီး ၁၄ ဦး သွားရောက် ရေကစားခဲ့ကြောင်း၊ ထိုသို့ ရေကစားနေစဉ် လူ ၅ ဦးမှာ ၃ ထပ် ရေတံခွန်သို့ ပြုတ်ကျသွားကြောင်း သိရသည်။

“သေဆုံးသူ အမျိုးသမီး ၂ ဦးက မြန်မာနိုင်ငံသူ ၁ ဦးနဲ့ နိုင်ငံခြားသူ ၁ ဦးပါ။ သွားတာက ၁၄ ယောက်သွားတာ ၅ ယောက်က ရေထဲဆင်းတာ၊ အခုလောလောဆယ်သေဆုံး ၂ လောင်းနဲ့ အသက် ရှင်လျက် ရုရှားနိုင်ငံသား ၁ ယောက်ကို ကယ်ထားနိုင်ခဲ့တယ်။ ဒီနေ့မနက်ကနေစပြီး ပျောက်ဆုံး နေတဲ့အမျိုးသမီး ၂ ဦးကို ရှာဖွေနေပါတယ်။ နိုင်ငံခြားသူတစ်ဦးနဲ့ မြန်မာနိုင်ငံသူတစ်ဦး ပျောက်ဆုံး နေတာပါ။ ကျန်တဲ့ ၁၄ ဦးအချက်အလက်ကတော့ မသိရပါဘူး။ တောင်ကျရေရုတ်တရက် ကျလာလို့ ပါသွားတဲ့သဘော။” ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ရေတံခွန်သို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေး ယာဥ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ မြို့နယ်နှင့် နယ်မြေခံညီနောင်အဖွဲ့များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ညနေ ၅ နာရီ အချိန်တွင် အသက် ၄၃ နှစ်အရွယ် ရုရှားနိုင်ငံသား အမျိုးသား ၁ ဦးကို ခြေထောက်ကျိုး ဒဏ်ရာဖြင့်အသက်ရှင်လျက် ကယ် တင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ညနေ ၆ နာရီအချိန်တွင် သေဆုံးသူ မြန်မာနိုင်ငံသူ ၁ ဦးနှင့် နိုင်ငံခြား သူ အမျိုးသမီး ၁ ဦးတို့ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေကယ်တင်နိုင်ခဲ့သည့် ညာခြေကျိုး ထိခိုက်ဒဏ်ရာရ ရုရှားနိုင်ငံသားကို မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ် – ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့) အသင်းကားဖြင့်လည်း ကောင်း၊ သေဆုံးသူ အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ် – စေတနာမွန်လူမှုကူညီရေးအဖွဲ့ -အုန်းချော) ကားဖြင့်လည်း‌ကောင်း ပြင်ဦးလွင် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article