25.7 C
Yangon

အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၄ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ၄ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် (ပကဖ) တပ်ရေး တာ၀န်ခံ ရဲဘော်ဒီမွန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် အုတ်ဖိုမြို့ပေါ်မှ ကြို့ကိုးပင်ရွာကို စစ်ကြောင်းထိုးရန် ရောက်ရှိလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများသည် အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီထိ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားသောကြောင့် စစ်တပ် စစ်ကြောင်းက ညတွင်းချင်း အုတ်ဖိုမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စက်တင်ဘာလ ၃၀ ရက်နေ့မှာ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာပါ။ တိုက်ပွဲကတော့ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်။ အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီထိ ထိတွေ့ တိုက်ပွဲတွေ ဆက်တိုက်ကို ဖြစ်ပွားခဲ့တာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က ၇ ဦးသေဆုံးပါတယ်။ စစ်ခွေး စစ်ကြောင်းကတော့ မရှိတော့ဘူး။ အထိနာပြီးတော့ အုတ်ဖိုမြို့ကို မနေ့က ညတွင်းချင်းကို ပြန်လည် ဆုတ်ခွာသွားတယ်” ဟု သာယာ၀တီခရိုင် (ပကဖ) တပ်ရေး တာ၀န်ခံ ရဲဘော်ဒီမွန်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေး တပ်ခွဲ ၃ ၊ သာယာဝတီခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ တပ်ရင်း (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK-PDF နှင့် ဇီးကုန်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article