25.3 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင် ပြည်သူ ရာနဲ့ချီ အရေပြား ရောဂါ ကူးစက်ခံထားရပြီး ဆေးဝါးများ လိုအပ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင် ပြည်သူရာနဲ့ချီ အရေပြား ရောဂါ ကူးစက်ခံထားရပြီး ဆေးဝါးများ လိုအပ်နေကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အရေပြားရောဂါ ကူးစက်ခံရမှုသည် ၂၀၂၄ ခုနှစ် ဇွန်လပိုင်းက စတင်ပြီး လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ကလေးငယ်များပါ ကူးစက် ပျံ့နှံ့မှု ပိုမို များပြားလာကာ ပြည်သူ ရာနဲ့ချီ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများသည် အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် စစ်ဘေးတိမ်းရှောင်ရင်း စုဝေးနေထိုင်ရာမှ အရေပြား ရောဂါ ကူးစက်မှု ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အရေပြားရောဂါခံစားနေရသော ပြည်သူများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ဆေး Medical Team နှင့် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တို့ပူးပေါင်းပြီး ဆေးကုသမှု ပြုလုပ်ပေးနေသော်လည်း ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ရောဂါ ကူးစက်ခံရတဲ့ လူဦးရေက အနည်းဆုံး ၃၀၀လောက်တော့ရှိမယ်။ ရောဂါစဖြစ်တာက ၂၀၂၄ ခုနှစ် ဇွန်လပိုင်းတည်းက ဖြစ်နေတာ ကျွန်တော်တို့လည်း နိုင်သလောက်ကူညီပေးပေးမယ့် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်။ ရောဂါ အဖြစ်များတာက ကလေးတွေများတယ်။ အခုနောက်ပိုင်း လူကြီးတွေအထေပါ ဖြစ်နေတယ်။ အဓိကကတော့ အစုလိုက် အပြုံလိုက် နေကြလို့အဲဒီလိုဖြစ်တာလည်းပါတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article