စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် တပ်မ ၃၃ လက်အောက်ခံ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) မှ စစ်အင်အား ၆၀ ဖြင့် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက ရွှေဘိုမြို့တောင်ဘက်မုခ် Good Brother ရုံးမှတစ်ဆင့် တဂဏန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာကြောင်း၊ ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်တပ်ဘက်မှ တပ်ကြီးစံထွေး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်ဘက်မှ တပ်ကြပ်အဆင့် ၁ ဦး၊ စစ်မှုထမ်းတပ်သားသစ် (ပစ) အဆင့် ၃ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA 3 ၁ လက်၊ MA 1 ၁ လက်၊ ၆၀မမ အဖူး ၁ ဖူး၊ RPG-7အဖူး၂ ဖူး၊ ကျောလွယ်ဂျန်မာ ၁စုံ၊ ၅.၅၆ကျည် ၁၀၀ တောင့်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေး တိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can နှင့် ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့_တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အထိနာသွားသော စစ်တပ်မှာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေဘိုမြို့နယ်၊ တဂဏန်း ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း ၊တိုက်ပွဲဖြစ်နေစဉ် ရွှေဘိုကညန ရုံးတွင် တပ်စွဲထားသော စစ်တပ်နှင့် ရွှေဘိုမြို့ အခြေစိုက် အမှတ် ၂ ထောက်ပို့တပ် က လက်နက် ကြီးများ ဟောင်ဝှစ်ဇာအမြောက်များဖြင့် ပစ်ကူပေးခဲ့ရာရွှေဘိုမြို့ကားကြီးကွင်းအနီး အောင်မြေဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် အောင်မြေဘုန်းကြီးကျောင်းမှ ကိုယ်ရင်လေး ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ဖမ်းဆီးထိန်းသိမ်းရမိသော စစ်သုံ့ပန်း၏ပြောကြားချက်နှင့် တော်လှန်ရေး ရဲဘော်များ၏ မျက်မြင်အရ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု အလွန်များပြားခဲ့ကြောင်း သိ


