33.5 C
Yangon

သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲမှု ဘုန်းကြီးကျောင်း၊ ဘုရား စေတီများနှင့် လူနေအိမ်များစွာ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲသဖြင့် ဘုန်းကြီးကျောင်း၊ ဘုရား စေတီများနှင့် လူနေအိမ်များစွာ ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၈ နာရီ ၂၂ မိနစ်အချိန်တွင် စစ်တပ်က သီပေါမြို့ နေရာအနှံ့ကို ဗုံးများ ကျဲချခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်း ၊ ဘုရားစေတီများနှင့် လူနေအိမ်များစွာ ပျက်စီးသွားခဲ့ကြောင်း၊ ပြည်သူများမှာ စစ်တပ်၏ လေကြောင်းအန္တရာယ်ကို ကြောက်လန့်၍ ညအချိန်များတွင် စုပေါင်း ဗုံးခိုနိုင်သည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြကြောင်း သိရှိရသည်။

” မနေ့ည ၈ နာရီ ခွဲလောက် ဗုံးကျဲတာက သီပေါမြို့၊ ဘဏ္ဍာကျောင်းတိုက် ၊ သိမ်ကျောင်းဆောင်၊ ဘုရား စေတီတွေ ပျက်စီးပါတယ်။ ကျတဲ့နေရာတွေက ခလရ ၂၃ တပ်၊ ထ ၂ နဲ့ ဘုန်းကြီးကျောင်းကို ကျဲသွားတာ။ စုစုပေါင်း ၅ လုံးကျဲသွားတာ။ ညပိုင်း လူတွေက နေအိမ်မှာ မအိပ်တော့ဘဲ လေယာဉ်ဗုံးဒဏ် မသင့်နိုင်တဲ့နေရာတွေ ရွှေ့ပြောင်းနေကြလို့ လူအထိအခိုက်မရှိဘူး။ ရှေ့လျှောက်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်။ စစ်ကြောင်းထိုးမယ်လို့ လည်း ကြားနေတယ်။ ရှောင်လို့ရတဲ့သူတွေ ရှောင်ကုန်ကြပြီ။ မရှောင်နိုင်သေးတဲ့သူတွေလည်း အမြဲသတိနဲ့ နေကြတယ်” ဟု သီပေါမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ယမန်နေ့ တစ်ရက်တည်းတွင် သီပေါမြို့ကို ဗုံး ၃ ကြိမ်ကျဲချခဲ့ပြီး အဆောက်အအုံနှင့်နေအိမ်များပျက်စီးခြင်းနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က သီပေါမြို့သို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ကုမုဒြာဟိုတယ်မှ အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးသွားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article