ဒီကနေ့ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မနေ့က မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာတက်ချိန် မန္တလေးမြို့၊ နန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချု ပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ တာကြောင် စစ်သား ၃ ဦးသေဆုံးပြီး ပစ္စည်းထားတဲ့ ဂိုဒေါင် မီးလောင် ပျက်စီးခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-စစ်ကောင်စီရဲ့ တရားမဝင် အတုယောင် ရွေးကောက်ပွဲကို တောင်ကိုရီးယားမှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲ့တာကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြည်ပရောက် တော်လှန်ရေး အင်အားစုတွေက အကြမ်းဖက် စစ်ကောင်စီရဲ့ အတုယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပြီး နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်သွားမယ့် သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
