တောင်ကိုရီးယားနိုင်ငံ ဒါဆန်းမြို့တွင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြပွဲနှင့် စစ်ဘေးသင့်ပြည်သူများ ကူညီထောက်ပို့နိုင်ရေး ရန်ပုံငွေ ဖလားခြင်းလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ရန်ပုံငွေ ကိုးရီးယားဝမ်သိန်း လေးဆယ်(မြန်မာကျပ် သိန်းတစ်ရာ့နှစ်ဆယ်ခန့်) ရရှိခဲ့ပြီး ဒီပဲယင်း အညာပိုးစုန်းကြူးလေးများ စစ်ရှောင်ကူညီရေးအဖွဲ့၊ ဆားလင်းကြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့သို့ ထောက်ပို့သွားမည် ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ကိုယ်နိုင်ငံ ကိုယ့်ပြည်သူလူထု ကိုယ်သာ စောင့်ရှောက်ရမည်မှာ အဓိကဖြစ်သည်ဟု မိန့်ကြားခဲ့ကြောင်း သိရှိရသည်။


