31 C
Yangon

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်နှင့် မကျည်းပင်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ကြို့ပင်ကောက်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေပြီး လူငယ် ၈ ဦးကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်နှင့် မကျည်းပင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်နှင့် မကျည်းပင်ရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှသော်လည်း အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အတွင်း ပေါက်ကွဲမှုမရှိသော ဗုံးများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဗုံးကျဲသွားတာပါ။ သူတို့ ကျဲတဲ့ ဗုံးသီးတွေက ပေါက်ကွဲမှုမရှိလို့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့တာ အဲဒီမပေါက်ကွဲသေးတဲ့ ဗုံးတွေကို တော်လှန်ရေး ရဲဘော်တွေက ရှင်းလင်းရေး ပြုလုပ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေငံရွာကို ဝင်ရောက် စီးနင်း မီးရှို့ပြီး လူငယ် ၈ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကြို့ပင်ကောက်မြို့နယ်၊ ရေငံရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က လူငယ် ၈ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“ကြို့ပင်ကောက်မြို့နယ် ရေငံရွာကို စစ်ခွေးတွေက ဝင်ရောက် စီးနင်း မီးရှို့ပြီး ရွာထဲက လူငယ် ၈ ဦးကို ဖမ်းဆီးထားတယ်။ စစ်ခွေးစစ်ကြောင်းက ကြို့ပင်ကောက်နဲ့ အုတ်ဖို ကြားကရွာတွေကို စစ်ကြောင်းထိုးမယ့် အခြေအနေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်တွင်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article