31 C
Yangon

မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် ဆီမီးသပိတ် ပြုလုပ်နေသည့် ပြည်သူများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် ဆီမီးသပိတ်ပြုလုပ်နေသည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် ဆီမီးသပိတ်ပြုလုပ်နေသည့် ပြည်သူများကို နမခမှ တက်လာသော အကြမ်းဖက် စစ်တပ် စက်တပ်လေထီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ထိခိုက်မှုများတယ်ဆိုတာပဲ သိရတယ်။ အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း တကွဲတပြားနဲ့ ပြေးနေရတယ်။ ထိခိုက်သေဆုံးမှုများနိုင်ပါတယ်။ သတင်းပေး ဒလန်တွေရှိလို့ ဗုံးကျဲ သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article