ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပဲခူးနဲ့ ရန်ကုန်တိုင်းစစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာနစစ်ကြောင်းကို လွှဲပြောင်းပူးပေါင်းလိုက်တယ်လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရေး အရပ်ဘက်အဖွဲ့တွေ၊ ရိုဟင်ဂျာတွေနဲ့ မြန်မာလူမှုအဖွဲ့အစည်းအားလုံးက တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့လယ်ခေါင် Beauty Land Hotel မှာ အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် အသတ်ခံထားရပြီး တရားခံ ဖမ်းမမိသေးတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
