ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မုံရွာနှင့်ချောင်းဦးမြို့နယ်အစပ် တစ်နေရာမှာ သီတင်းကျွတ် မီးထွန်းပွဲနှင့် ဆီမီးသပိတ် လုပ်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦး ဆရာတော်က ရန်ကုန်ခေတ်သစ်ကို မိန့်ကြားပါတယ်။
-ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်း အထက်ဘလောက် Beauty Land Hotel အခန်းအမှတ် ၅၀၂ မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရတဲ့ အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်တွေမှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ အဲ့ဒီစစ်တပ် စစ်ကြောင်းတွေက စစ်သား ၃ ဦး လက်နက်ခဲယမ်းတွေနှင့်အတူ အလင်းဝင်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
