26.6 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာကို အနီးကပ် ဝင်ရောက်ပြီး ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို အနီးကပ် ဝင်ရောက်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများရှိရာ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ်ဝင်ရောက် မိုင်းထောင်ပြီးနောက် ယင်းနေ့ ည ၁၀ နာရီနှင့် ၁၂ နာရီခန့်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မိုင်းထောင်ပြီး တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာချိန်တွင် အထိအခိုက်မရှိကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုသည် ကျဆုံးခဲ့သော တော်လှန်ရေး ရဲဘော်များကို ဂုဏ်ပြုသော အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင့် ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

“ကျဆုံး ရဲဘော်တွေကို ဂုဏ်ပြုတဲ့ အထိမ်း အမှတ်အဖြစ် သွားရောက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ဒီပဲယင်း မြို့တွင်းမှာရှိတဲ့ စစ်ခွေးတွေကို အနီးကပ်ဆုံး မိုင်းဝင်ထောင်ပြီးတော့ လပြည့်နေ့ညမှာ အသံသပိတ်ပြုလုပ်တာပေါ့။ ခွေးတွေနဲ့ အနီးကပ်ဆုံး နေရာအထိကို ကင်းယူ သွားထောင်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ” ဟု ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းတိုက်နယ် ၁ တိုက်ခိုက်ရေး လှုပ်ရှားအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article