26.3 C
Yangon

ထိုင်း‌ရောက် အထောက်အထားမဲ့ မြန်မာများ ဘတ်အသစ် လုပ်ရာတွင် အလိမ်မခံရရန်နှင့် ငွေပေးချေမှု သက်သေများ ယူထားရန် အရေးတကြီး သတိပေး၊ အောက်တိုဘာလ ၁၅ ရက်နေ့ ဘတ်အသစ်များ ဖွင့်မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် လက်မှတ် ဘတ်စာရင်းအသစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဖွင့်မည်ဖြစ်၍ အလိမ်မခံရရန် အထူးသတိထားရန်နှင့် ငွေပေးချေမှု သက်သေများ ရယူထားရန်အရေးကြီးကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီပေးနေသူ အေအေစီကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားခြင်း ဖြစ်ပြီး Name List ဖွင့်ချိန်သည် အောက် တိုဘာလ ၂၉ ရက်နေ့အထိသာ ခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိကကတော့ မှန်ကန်တိကျတဲ့ အေဂျင်စီ အကျိုးဆောင်နဲ့ လုပ်ဖို့ သတိပေးချင်ပါတယ်။ ပြီးတော့ ငွေပေးချေရင် သက်သေတွေယူထားဖို့၊ လိုင်းပေါ်က နာမည်ကြီးတဲ့ ကြုံတဲ့ ပွဲစားနဲ့ မလုပ်နဲ့ဖို့လည်း သတိထားစေချင်ပါတယ်။ ပြီးတော့ အချိန်က ၁၅ ရက်ပဲ ပေးတယ်ဆိုတဲ့ အနေအထားမှာ ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း သေချာမီအာင် လုပ်ကြပါလို့ ပြောချင်ပါတယ်။ တချို့တွေက ဈေးသက်သာရင် လိမ်ခံရမယ် ဈေးချို‌ရင် လိမ်ခံရမယ်ဆိုတာ မဟုတ်ပါဘူး။ မှန်ကန်တိကျ ဈေးအသင့် အတင့်နဲ့ လုပ်ပေး နေတဲ့ လူတွေ ရှိပါတယ်။ သေချာ စုံစမ်းကြပါလို့ ပြောချင်ပါတယ်”ဟု အေအေစီကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလုပ်လုပ်ခွင့်လက်မှတ် (ဘတ်) အသစ်ကို မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ထိုင်းရောက် အထောက် အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် Name List သွင်းပြီးသား အလုပ်သမားများအတွက် နောက်တစ်ဆင့်လုပ်ဆောင်ရမည့် ဆေးရုံတွင် သွေးစစ်ခြင်း၊ Work Permit အတွက် ငွေသွင်းခြင်းများကို အောက်တိုဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရက် ၆၀ အတွင်း ပြုလုပ်ရမည်ဖြစ်ကြောင်း ၊ ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်း၊ ဗီဇာရယူခြင်းများကို ဆက်လုပ်ရမည်ဖြစ်ပြီး Work Permit ရ ပြီးသူများသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၁ နှစ် သက်တမ်းရရှိမည်ဖြစ်ကြောင်ထိုင်း အလုပ်သမားဝန်ကြီးဌာနကကြေညာထားသည်။

epa06603516 Migrant workers queue up during a migrant laborers registration drive at the Ministry of Labour in Bangkok, Thailand, 14 March 2018. Thai Prime Minister Prayut Chan-o-cha announced to expedite a crackdown threatening to arrest unregistered migrant laborers those fail to register themselves with the authorities by the end of June 2018 as part of the junta government’s drive to legalized million of migrant workers aimed to prevent human trafficking. More than 900,000 migrant workers from Myanmar,
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article