စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။
ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်က ကနီမြို့ပေါ်ရှိ မြို့စောင့် တပ်မှ စစ် သား၊ ရဲ အင်အား ၂၀ ခန့်ဖြင့် ကင်းလှည့်ထွက်လာစဉ် ကနီမြို့၊ ရပ်ကွက် ၃ အရောက် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး MA1 အမျိုး အစား သေနတ် ၁ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကြာချိန်က မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။ မြို့တွင်းဆိုတော့ တပ်ကူတွေ ရောက်လာလို့ လက်နက်အကုန် မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတာ။ ကျနော်တို့ KLG PDF တပ်က တပ်စိတ်တစ်စိတ်ပဲ သွားတိုက်ခဲ့တာပါ” ဟု ကျောက်လုံး ကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၉ စုပေါင်းဖွဲ့ထားသည့် 9+အဖွဲ့ဝင်၊ ဗျူဟာ ၄၅ KLG PDF တပ်ဖွဲ့မှ လှုပ်ရှားတပ်စိတ် ၁ စိတ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
