26.1 C
Yangon

အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်းဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာလ ၁၀

အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင် ရွက်ရန်အတွက် ဗျူဟာအမှတ် ၁၉ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန၏ ဗျူဟာ အမှတ် ၁၉ ကို အခမ်းအနားဖြင့် ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

“နေပြည်တော်စစ်ဆင်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ နေပြည်တော်တိုင်းစစ်ဌာနမှာ စစ်ဗျူဟာ ၃ ခုရှိပါတယ်။ ဗျူဟာ ၃ ခုကတော့ ဗျူဟာ ၁၇၊ ဗျူဟာ ၁၈ နဲ့ အခု ဖွဲ့လိုက်တဲ့ ဗျူဟာ ၁၉ ပါ။ တစ်ဗျူ ဟာကို တပ်ရင်း ၄ ရင်းနဲ့ဖွဲ့စည်းထားပြီး စစ် မျက်နှာ ၃ ခုမှာ စစ်ဆင်ရေး ဆောင် ရွက်ဖို့ရှိပါတယ်။ ဒါ ပြီးရင်တော့ အထွေထွေထိုးစစ်မှာ ဟန်ချက်ညီညီပါဝင်ဆောင်ရွက်မှာပါ” ဟု နေပြည်တော်တိုင်း ကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ ဗျူဟာ ၁၉ ဖွဲ့စည်းခြင်း အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာ တိုင်းစစ်ဆင်ရေး အရာရှိ၊ ဗျူဟာအမှတ် ၁၉ မှ တာဝန်ရှိသူများ၊ ဗျူဟာ ၁၉ ၏လက်အောက်ခံတပ်ရင်းများဖြစ်သော တပ်ရင်း ၈၀၆၊ တပ်ရင်း ၈၀၇၊ တပ်ရင်း ၈၀၈၊ တပ်ရင်း ၉၀၁ တို့မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ၊ တပ်ရင်း တာဝန် ရှိ သူများနှင့် ရဲဘော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း နည်းလမ်းမျိုး စုံနဲ့ တားဆီးသွားမှာပါ၊ မိဘပြည်သူတွေဘက်ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နည်လမ်းမျိုးစုံ နဲ့ ဆန့်ကျင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာ က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေး နောက်တစ်ဆင့်တက်ရန်နှင့် အထွေထွေထိုးစစ်ဆင်နွှဲရန်တိုင်းရင်းသား လက်နက်ကိုင်များအပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်များနှင့်အတူ ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article