26.1 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်း လုံခြုံရေးအတွက် ကင်းယူပေးရန် ထွက်လာသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု အလောင်း ၃ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်း ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်း လုံခြုံရေးအတွက် ကင်းယူပေးရန် ထွက်လာသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ အလောင်း ၃ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chaung U People’s Defence Force က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ် ယာဉ်တန်းလုံခြုံရေးအတွက် ကင်းယူပေးရန် ထွက်လာသော စစ်သား ၄ ဦးကို ချောင်းဦးမြို့၊ သံလွင်မြန်မာ ဆီဆိုင်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား အလောင်း ၃ လောင်း၊ ဆိုင်ကယ် ၄ စီး၊ BA 63 သေနတ် ၃ လက်၊ ၉ မမ ကျည် ၄၉၄ တောင့်၊ ၇.၆၂ မမ ကျည် ၆၅၂ တောင့်၊ ကျည်ကာဦးထုပ် ၃ လုံး၊ BA 63 ကျည်ဘောက် ၁၀ ခု၊ BA 94 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနှင့် လက်ကိုင်ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် Special Force 11(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article