26.1 C
Yangon

တနင်္သာရီ၊ တကူရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသားများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး ၅ ဦး စိုးရိမ်ရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသားများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး ၅ ဦး စိုးရိမ်ရကြောင်း တနင်္သာရီမြို့နယ် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၁၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တနင်္သာရီမြို့နယ်၊ တကူရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲကာ စက်သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ချိန်သည် ကလေးငယ်များ ကျောင်းသွားချိန်ဖြစ်သောကြောင့် ကျောင်းသား ၅ ဦးနှင့် ပြည်သူ ၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ၅ ဦးသည် ဒဏ်ရာအခြေအနေ စိုးရိမ်ရပြီး ကျန်သူများသည် အသေးစား ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အတွင်းတွင်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်ချိန်က ကျောင်းသွားချိန်ဖြစ်တဲ့ အတွက် ကျောင်းသား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စုစုပေါင်း ဒဏ်ရာရထားတာတော့ ၁၀ ဦးကျော်လောက်ရှိတယ်။ ပြင်းထန်ဒဏ်ရာရသူ ၅ ဦးလည်း ပါဝင်တယ်လို့ သိရတယ်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကျော်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပျဉ်းမပင်ဆိပ် အနောက်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၆ နှစ်အရွယ် စောထွန်းထွန်းမင်း ၊ အသက် ၇ နှစ်အရွယ် စောလင်းထက်သာ၊ အသက် ၉ နှစ်အရွယ် နော်မဂ်လာဖော ၊ အသက် ၁၀ နှစ်အရွယ် နော်မစန်းမြင့် နှင့် အသက် ၁၂ နှစ်အရွယ် နော်မသန်းသန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article