24.1 C
Yangon

လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်သည့် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် စစ်ကြောင်း ၂ ကြောင်းခွဲ၍ လာရောက်သည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး သေဆုံးသူများကို ကား ၃ စီးဖြင့် လောင်းလုံးမြို့ပေါ်ကို ပြန်လည် ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် လောင်းလုံးမြို့တွင်းတွင်လည်း စစ်တပ်က သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စစ်ကြောင်း ၂ ကြောင်း အင်အား ၆၀ လောက်နဲ့ လောင်းလုံးမြို့ပေါ်ကနေ ထွက်လာပြီး မြို့နားက ကျေးရွာတွေက ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ လာတာကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးစစ်ကြောင်းက ရွာထဲကိုတောင် မရောက်လိုက်ဘူး။ အထိအခိုက်များပြီး ပြန်လည် ဆုတ်ခွာသွားတယ်။ သေဆုံးသူလည်း တော်တော်များတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေးတာ၀န်ခံ ရဲဘော်ရှဲဒိုးက အတည်ပြုပြောဆိုသော်လည်း တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article