31.5 C
Yangon

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကွဲလွဲမှု၊ မပြည့်စုံမှုနှင့် လိုအပ်ချက်များ ရှိနေဟု လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီး မြင့်ကြိုင်ဆိုသူ ဝန်ခံ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ အချက်အလက်ကွဲလွဲမှု ၊ မပြည့်စုံမှုနှင့် လိုအပ်ချက်များရှိနေကြောင်း စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး မြင့်ကြိုင်ဆိုသူက ဝန်ခံလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် မြင့်ကြိုင်က အထက်ပါအတိုင်း ဝန်ခံလာခြင်းဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ မှစ၍ ပထမအကြိမ မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ထုတ်ပြန်ကြေညာခဲ့ပြီး အချို့ဒေသများတွင် မဲစာရင်း မပြည့်စုံ၊ အချ်ကအလက်ကွဲလွဲမှုနှင့်လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင် ပါ၊ မပါ အချက်အလက် ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိ မဲစာရင်း ထုတ်ပြန် ကြေညာထားသည့်နေရာများသို့ လာရောက် ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက် ဆောင်ရွက်နိုင်ရေး အသိပေးကြရန် လိုအပ်ကြောင်း မြင့်ကြိုင်က ပြောဆိုသည်။

လက်ရှိ အတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာ ဒေသသို့ အိမ်ထောင်စု လူဦးရေစာရင်း ပြောင်းရွှေ့ ဝင်ရောက်မှု မရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်း၊ ကွဲလွဲနေခြင်းဖြစ်ပါကြောင်း မြင့်ကြိုင်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းနေမှုကို အကြောင်းပြ၍ စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လွတ်လပ်တရားမျှတစွာ ပြုလုပ်မည်ဟု ပြောဆိုသော်လည်း မဲစာရင်းများ မှားယွင်းမှုများ ဆက်တိုက်ကြုံလာရကာ မဲစာရင်းများ မှားယွင်းနေပါကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံလာကြခြင်းဖြစ်သည်။

ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေကလည်း အောက်တိုဘာလ ၅ ရက်နေ့က မဲစာရင်းများ အကြီးအကျယ်မှားယွင်းနေကြောင်း၊ လူဦးရေ ၅၀၀ တွင် ၃၀၀ ဦးမှာ မှားယွင်းနေကြောင်း၊ မဲစာရင်း ပြင်ဆင်ချိန် နည်းပါးနေကြောင်း၊ မဖြစ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article