ဒီကနေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအတုကြီးမှာ မဲစာရင်းတွေ ကွဲလွဲမှု၊ မပြည့်စုံမှုနဲ့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုပြီး စစ်တပ်လက်အောက်ခံ လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီး မြင့်ကြိုင်ဆိုသူကိုယ်တိုင် ဝန်ခံလိုက်ပါ တယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မလန်း ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်က တော်တော်ကို အထိနာနေပြီး လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် ၃ မြို့ကနေ စစ်တပ်ဘက်က တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာပြန်တဲ့အပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေပါ လုပ်လာတဲ့ အတွက် စစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော် AA ကနေ တရားဝင်ထုတ်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
