25.8 C
Yangon

ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

တနင်္သာရီမြို့နယ်၊ ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၅ ရက်နေ့ ပုလောမြို့နယ်၊ ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး နှင့် အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း (၇) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်ပြီး လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထွက်ပြေးကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော် တပ်မဟာ ၄ ၊ K N.D.O တပ်ရင်း ၇ ထံသို့ လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်ထံတွင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် စစ်မှုထမ်း တပ်သားသစ်များ အနေဖြင့် တော်လှန် ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ရောက် ပူးပေါင်းကြပါရန် KNU -ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တိုက်တွန်းထားသည်။

အလားတူ အောက်တိုဘာလ ၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၅ တပ်ရင်းမှ တပ်သား ၁ ဦးသည် MA-1 အမျိုးအသား သေနတ် ၁ လက် ယူဆောင်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ ၊ K.N.D.O တပ်ရင်း ၇ တပ်ခွဲ ၃ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article