25.8 C
Yangon

ရေးမြို့နယ် ကျောင်းရွာရှိ စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူး အဖွဲ့က ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန်‌‌ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူး အဖွဲ့က ၆၀ မမ လက်နက်ကြီးများဖြင့် အနီးကပ် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မနေ့က ည ၉ နာရီလောက်မှာ ၅၉၁ တပ်ရင်းကို ၆၀ မမ စိန်ပြောင်း လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်တယ် ။ အနီးကပ်ကို ဝင်ရောက် ပစ်ခတ်တယ်။ မီတာ ၁၀၀၀ အကွာအဝေးလောက်ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့ဘက်က ပြန်လည် တုံ့ပြန်လာခြင်း မရှိဘူး။ လေးချက် ပစ်တာ ၂ ချက်ကွဲတယ်။ ၂ ချက်မကွဲဘူး” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောဆိုသည်။

ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ယင်းနေ့ ည ၁၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

” ကျနော်တို့ တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် ည ၁၂ နာရီလောက်မှာ သူတို့ဘက်ခြမ်းက ၂ ချက်ပြန်ပစ်တယ်။ ကျွန်တော်တို့ ဘက်ခြမ်းကို ကျွန်တော်တို့ဘက်က ထိခိုက်မှု ဘာမှမရှိဘူး။ စစ်ခွေးတွေဘက်က ထိခိုက်မှု အတိအကျကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article