28.9 C
Yangon

ရခိုင်ဒေသသို့ တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကို အားပေးအားမြှောက်ပြုနေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အရာရှိတချို့ကို အရေးယူပေးရန် AA က ဘင်္ဂလားဒေ့ရှ်အစိုးရကို ထပ်မံတိုက်တွန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရခိုင်ဒေသသို့ တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကို အားပေးအားမြှောက်ပြုနေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အရာရှိတချို့ကို အရေးယူပေးရန် AA က ဘင်္ဂလားဒေ့ရှ်အစိုးရကို ယမန်နေ့ ထပ်မံတိုက်တွန်းလိုက်သည်။

AA က ရခိုင်ဒေသတွင် လက်ကျန်မြို့ ၃ ခုကို စစ်တပ်လက်အောက်မှ အလုံးစုံ လွတ်မြောက်ရေး စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့် ဆောင်ရွက်နေစဉ် ARSA နှင့် RSO အဖွဲ့များက ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့တွင် ယာယီစခန်းများ၊ အခိုင်အမာစခန်းများကို တည်ဆောက်ပြီး ယင်းနေရာများမှ ရခိုင်ဒေသအတွင်းသို့ စိမ့်ဝင်ရောက်ကာ AA ၏ လုံခြုံရေးစခန်းများကို လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှနေ၍ နှောင့်ယှက်ပစ်ခတ်ခြင်း၊ ရန်စ ပစ်ခတ်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြိမ်းခြောက်တို့ကို ယခုရက်များအတွင်း ပိုမို လုပ်ဆောင်လာကြောင်း AA က ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မောင်တောမြောက်ပိုင်း၊ လိပ်ရခွဆုံ၏ တောင်ဘက် မီတာ ၂၀၀ အကွာ အစ္စလမ် လက် နက်ကိုင် ၁၀ ဦးက ဒေသခံ ဆိုင်ကယ်ကယ်ရီ မောင်းသူ ၃ ဦးကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ARSA နှင့် RSO အဖွဲ့များ မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB မှ အရာရှိတချို့နှင့် ထောက်ခံအားပေးသူတချို့ က ထောက်ပံ့ပေးထား ခြင်းဖြစ်နိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေဖြင့် အမြန်ဆုံးဖော်ထုတ်အရေးယူရန် နှင့် အချိန်မီထိန်းသိမ်းသင့်ကြောင်း AA က ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း AA က ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို အသိပေးထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ၍ တိုက် တွန်းကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အရေးယူထိန်းကျောင်းမှုမရှိဘဲ ဆက်လက် လွှတ်ပေးထားမည်ဆိုပါက နှစ်ဖက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနှင့် နှစ်ဖက်ယုံကြည်မှုတို့ကို ဆိုးဝါးစွာ ထိခိုက်လာစေနိုင်ကြောင်း၊ ထို့ကြောင့် ARSA နှင့် RSO အဖွဲကများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ရခိုင်ဒေသသို့ ဝင်ရောက် စစ်ရေးလှုပ်ရှားမှုများကို အမြန်ဆုံး ဟန့်တားပေးရန် ၊ ပါဝင်ပတ်သက်နေသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အရာရှိ ဝန်ထမ်းများကို အမြန်ဆုံးထိန်းကျောင်း အရေးယူပေးရန် AA က ကြေညာချက်ထုတ်ပြန် ထပ်မံ တိုက်တွန်းသည်။

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ထိန်းကျောင်းမှု မရှိနိုင်ပါက နယ်စပ်နှင့် အာဆီယံဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးတို့ကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်နိုင်ကြောင်း AA က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article