ဒီကနေ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ သေဆုံးသွားတဲ့ အရာရှိနှင့်စစ်သားတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်၊ လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်မှာ မဲဖောက် အခန်းပေးမှာဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်း ရကြတော့မယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ရခိုင်ဒေသကို တိုက်ခိုက်နေတဲ့ ARSA နှင့် RSO အဖွဲ့တွေကို အားပေးအားမြှောက်ပြုနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် အရာရှိတချို့ကို အရေးယူပေးဖို့အတွက် AA က ဘင်္ဂလားဒေ့ရှ်အစိုးရကို မနေ့က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်း အနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုး နယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တဲ့ သတင်းအပါဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
