25.2 C
Yangon

တပ်ကုန်းမြို့နယ်တွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာအနီး၊ နယ်မြေရှင်းလင်းရန် ထွက်ခွာလာသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းကွင်း အရောက်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို လူနာတင်ကားဖြင့် လာရောက်သယ်ဆောင်စဉ် စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသော စစ်သား ၄ ဦးလည်းရှိကြောင်း သိရှိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှုကို မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့သစ် ပကဖ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article