26 C
Yangon

ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးနဲ့ PNO အဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းမှာ ဘောရန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတာ မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက်များနိုင်တယ်။ နေအိမ် ဘယ်နှလုံး ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ မြောက်စလုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကာ ပြည်သူများ လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article