28 C
Yangon

ပေါက်ခေါင်းနှင့် အောင်လံမြို့နယ် အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀ လုံးကျော် ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်နှင့် မကွေးတိုင်း အောင်လံမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀ လုံးကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၉ နာရီ ကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာက ပေါက်ခေါင်းမြို့နယ်နှင့် အောင်လံမြို့နယ် အစပ်ရှိ မြေနက်တောင်အနီး တဝိုက်နှင့် ရွှေလောင် စမ်းမကျီး ရွာအနီးကို ဗုံး ၁၀ လုံးကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့က ညပိုင်းက ပေါက်ခေါင်းနဲ့ အောင်လံမြို့နယ် အစပ်ကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု သတင်းတွေ မကြားမိဘူး။ ပြည်သူတွေက ဗုံးထပ်ပြီး လာကျဲမှာကို စိုးရိမ်လို့ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာရွာနှင့် ဖလန်ပင်ရွာကို အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၄ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျောက်ပြင်သာရွာမှ သားအဖ ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်နှင့် အသက် ၁၀ နှစ်အရွယ် မောင်သက်ပိုင်ဇော်တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article