29 C
Yangon

ရန်ကုန်တွင် သိသိသာသာ ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထပ်မြင့် တိုက်တာများမှ လမ်းမပေါ်သို့ ပြေးဆင်းရ ၊ ဒလမြို့ကို ဗဟိုပြု၍ ၃ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်မြို့တွင် တွင် ယနေ့ ည ၁၁ နာရီ ၈ မိနစ်အချိန် သိသိသာသာ ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထပ်မြင့် တိုက်တာများမှ လမ်းမပေါ်သို့ ပြေးဆင်းရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညပိုင်း စမ်းချောင်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှည်းတန်းမြို့နယ်၊ လသာမြို့နယ် အပါအဝင် ရန်ကုန်မြို့ မြို့ နယ်အများစုတွင် ငလျင် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ခတ်မှုမှာ အနည်းငယ် ပြင်းထန်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြင့် အထပ်မြင့်တိုက်တာများပေါ်မှ ပြေးဆင်းရကြောင်း သိရှိရသည်။

“ဒုံးဆိုတဲ့ အသံကြီးနဲ့ တစ်ချက် ပြီးတော့မှ အထက်-အောက်ကို ခါရမ်းသလို ငလျင်လှုပ်တာ။ အကုန်ပြေးဆင်းရတယ်။ စမ်းချောင်းမှာတော့ တိုက်တိုင်းလိုလိုက ပြေးဆင်းလာကြတာ” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၀၉ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွင်း၊ မြေအောက်အနက် ၇ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ရန်ကုန်အပါအဝင် မြို့နေ ပြည်သူများမှာ ငလျင်အန္တရာယ်ကို အကြီးအကျယ် စိုးရိမ်နေကြခြင်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်၍ အထပ်မြင့်တိုက်တာများမှ ပြေးဆင်းကြသော ပြည်သူတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article