27 C
Yangon

စစ်ကိုင်းမြို့နယ်၊ လက်ပံကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က ဆုတ်ခွာထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့က နယ်မြေရှင်းလင်း လုပ်စဉ် မူးယစ်ဆေးဝါးသုံးစွဲရာတွင် သုံးသည့် ပစ္စည်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လက်ပံကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က ဆုတ်ခွာထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့က နယ်မြေရှင်းလင်း လုပ်စဉ် မူးယစ်ဆေးဝါးသုံးစွဲရာတွင် သုံးသည့် ပစ္စည်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် လက်ပံကျေးရွာအတွင်းရှိ ပြည်သူ့ပိုင် နေအိမ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အဆိုပါ ကျေးရွာရှိ တပ်စွဲထားသော စခန်းမှ ထွက်ပြေး ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ၊ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဝင်ရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်သားများ ဆုတ်ခွာသွားပြီးနောက် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန်အတွက် ယူနီကွန်းပျောက်ကျားတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ယူနီဖောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲ စစ်ခွေး စစ်ကြောင်းက တပ်စွဲထားတာ ကြာပါပြီ အဲ စစ်ခွေးတွေက လက်ပံကျေးရွာထဲက ပြည်သူပိုင် နေအိမ်တွေထဲမှာ စခန်းချ‌ပြီး တပ်စွဲ နေထိုင်နေတာ ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ စစ်ခွေးတွေ ရွာထဲက ထွက်သွားလို့ နယ်မြေဝင်ရောက် ရှင်းလင်းရင်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေစိုးမိုးမှု ရရှိရေး ကြိုးပမ်းနေသော်လည်း တော်လှန်ရေးတပ်များက အပြင်းအထန် ခုခံတိုက်ခိုက်နေသဖြင့် ထင်သလောက် ခရီးမပေါက်ဘဲ အကျအဆုံးများစွာဖြင့် စစ်တပ်ဘက်မှ အထိနာလျက်ရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article