30 C
Yangon

မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးသွားကြောင်း မိုးကုတ်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူ အနီးဝန်းကျင်နှင့် ကန်တော်ဖူဆယ် ဘောလုံးကွင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မိုးကုတ်အရှေ့ပိုင်းကို ဗုံး ၂ ကြိမ်ကျဲပါတယ်။ ဗုံး ၁ လုံးက ဘုရားငါးဆူနားမှာ ၁ လုံးကျတယ်။ နောက်ပြီး ကလေးတွေ ကစားနေတဲ့ ကန်တော်ဖူဆယ် ဘောလုံးကွင်းကို ဗုံး ၁ လုံးကျတယ်။ ကလေး ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရပါတယ်” ဟု မိုးကုတ်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့နယ် အေနာက်ခြမ်း၊ ရေအေးကျေးရွာရှိ မွေးမြူရေးကြက်ခြံကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်ခြံများ ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article