ဒီကနေ့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ ကချင်ပြည်နယ် ဗိုလ်မှူးချုပ်ဇော်ဝင်းကို အင်ဒိုနီးရှား သံအမတ်အဖြစ် ခန့်အပ်လိုက်ပြန်သလို ၊ လက်ရှိ စစ်တပ်က ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးချုပ်တွေကို သံအမတ်ကြီးရာထူးတွေ ဆက်တိုက်ပေးနေပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး နှစ်ဦး နဲ့ ထိုင်းလွှတ်တော်အမတ်တို့ တွေ့ဆုံခဲ့အပြီး မြန်မာ့အရေး “အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ရေး”အတွက် ထိုင်းလွှတ်တော်မှာ တိုက်တွန်းသွားမယ်လို့ ထိုင်း လွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က ပြောလိုက်ပါတယ်။
မွန်ပြည်နယ် ၊ သထုံမြို့မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဗိုလ်မှူး ဆန်းဝင်းအောင် နဲ့ ခရိုင်ရဲမှူး ဒုရဲမှူးကြီး မြင့်နိုင်ဆိုတဲ့ ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးတော့ လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရသူ လူငယ်တချို့ရဲ့ မိတ်ဆွေတွေကိုယ်တိုင်ပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




