30 C
Yangon

အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရကြောင်း မလေးရှားအစိုးရနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ လုပ်နေရသည့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေကြသော်လည်း လက်တွေ့တွင် မလေးရှားက မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရသည်။

” အာဆီယံဥက္ကဋ္ဌ မလေးရှားက ထိပ်သီးအစည်းအဝေး တက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ထားတာမရှိဘူး။ ထိပ်သီးအစည်းအဝေးတက်ဖို့က အာဆီယံဥက္ကဋ္ဌက ဖိတ်မှ တက်ရတာပါ။ အခုထက်ထိတော့ ဖိတ်ထားတာမရှိဘူးလို့ သိရတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိတွေ့ ဆက်ဆံမှု ရှိနေသည့် တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

မလေးရှားနိုင်ငံတွင် ပြုလုပ် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ခေါင်းဆောင်များစာရင်းတွင် မင်းအောင်လှိုင် နာမည်ကို ထည့်သွင်းဖော်ပြခဲ့သည့် မလေးရှား News Straits Times သတင်းဌာနက ယခုအခါ မင်းအောင်လှိုင်၏ နာမည်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတက်မည့်​ ခေါင်းဆောင်များ စာရင်းမှ ဖြုတ်ပယ်ပြီး အမှားပြင်ဆင်မှုများ လုပ်ဆောင်သွားသည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ ခေါင်းဆောင်တချို့ တက်ရောက်မည်ဖြစ်ပြီး အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ အာဆီယံဥက္ကဋ္ဌ ရာထူးကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းခြင်း အပါအဝင် ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားမှလာသော သတင်းများတွင် ဖော်ပြထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article