30 C
Yangon

ဝက်လက်၊ ရွာသာကြီးရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး၊ Gyrocopter ၄ စီးတို့ဖြင့် ယနေ့ ညနေပိုင်းထိ ဗုံးကျဲ တိုက်ခိုက်နေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး၊ Gyrocopter ၄ စီးတို့ဖြင့် ယနေ့ ညနေပိုင်းထိ ဗုံးကျဲ တိုက်ခိုက်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး ညနေ ၅ နာရီကျော်အထိ အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး အနီးကို ဂျက်ဖိုက်တာ ၃ စီး၊ Gyrocopter ၄ စီးတို့ဖြင့် လှည့်ပတ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ရွာသာကြီးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ တနေကုန်လုံးကို ရွာသာကြီးရွာအနီးတဝိုက်ကို စစ်ခွေးတွေ လေယာဉ် ၃ စီး၊ Gyrocopter ၄ စီးနဲ့ ဗုံးပတ်ကျဲနေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဂျက်ဖိုက်တာက တံတားဦးလေတပ်ကနေ တက်လာတာ၊ Gyrocopter တွေကတော့ နမခ ကနေ တက်ပြီးတော့ကိုကျဲနေတာ ပြည်သူတွေလည်း ဘယ်သူမှ မရှိတော့ဘူး။ အနီးအနားက ရွာတွေကကော ရွာလုံးကျွတ်ကို ပြေးနေရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် ရွာသာကြီးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ပြီး လေယာဉ်၊ Gyrocopter များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကာ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သမန်သာကျေးရွာ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article