30 C
Yangon

ပြည်မြို့တွင် နယ်ကျော်ပြီး လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီး ရောင်းစားနေသည့် ပျူစောထီး ရာဇာကြီးနှင့် မိုးကျော်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ပဲခူးတိုင်း၊ ပြည်မြို့တွင် နယ်ကျော်ပြီး လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီး ရောင်းစားနေသည့် ပျူစောထီး ရာဇာကြီးနှင့် မိုးကျော်ကို စစ်တပ်က ပြန်လည် ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် ပြည်မြို့၊ နဝင်းကွက်သစ် ၁၄ လမ်းတွင် နေထိုင်သော လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီး ရောင်းစားနေသည့် ပျူစောထီး ရာဇာကြီးနှင့် မိုးကျော်ကို အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ (လျှပ်/စက်) တပ်ရင်းမှ စစ်သားများက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး ၂ ဦးကို ဖမ်းဆီးသွားပြီးနောက် အမှတ် ၉၅၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်) တွင် ဖမ်းဆီးထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အဲပျူစောထီး ၂ ကောင်က ပြည်မြို့မှာ အမည်ဆိုးနဲ့ ကျော်ကြားတဲ့ကောင်တွေပါ။ တွေ့တဲ့ လူငယ်တိုင်းကို ဖမ်းဆီးပြီး စစ်ခွေးတွေကို ပြန်ရောင်းစားနေတာ သူတို့ ၂ ဦးကို စစ်ခွေးတွေက ပြန်ဖမ်းသွားတယ်ဆိုလို့ ပြည်သူတွေက ဝမ်းသာနေကြတယ်။ နယ်ကျော်ပြီး ပေါ်တာဆွဲလို့ ဖမ်းတာလို့ သိရပေမယ့် ဖမ်းဆီးတဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ပြည်မြို့ ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ အမှတ် ၇၅ စစ်သား စုဆောင်းရေးတပ်အနီးတွင် ထိုင်နေသော အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ပြည်မြို့ ၉၅၉ တပ်ရင်းမှ စစ်သားနှင့် ပျူစောထီးများက ကားဖြင့်ရောက်ရှိလာပြီး ပေါ်တာဆွဲ ဖမ်းဆီးရာမှ စစ်သားအချင်းချင်း ရိုက်နှက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article