30 C
Yangon

ပုလောမြို့တွင် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနှင့် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်က သင်္ကန်းတောရွာကို ဝင်ရောက် စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

တနင်္သာရီတိုင်း၊ ပုလောမြို့တွင် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနှင့် စစ်သား ၁ ဦး တို့ ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က သင်္ကန်းတောရွာကို ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနှင့် စစ်သား ၁ ဦးကို အမည်မသိ သေနတ်သမားများက အမက ၈ ကျောင်းအနီးတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မိနစ်ပိုင်းအကြာတွင် အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး စိုးဝေနှင့် စစ်သား ၁ ဦး၏ အလောင်းများကို လာရောက် ကောက်ယူသွားကြောင်း၊ ထို့ပြင် အမက ၈ ကျောင်းအနီးတဝိုက်ကိုလည်း စစ်သားများက ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်ခွေးအုပ်ကြီးနဲ့ စစ်ခွေး ၁ ကောင်က ဘယ်ကနေ ပြန်လာတာလဲတော့ မသိဘူး။ သူတို့ ၂ ကောင်လုံး ပစ်ခံရပြီး သေတယ်လို့ သိရတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာဘူး။ စစ်ခွေးတွေ ရောက်လာပြီး ကျောင်းနားတဝိုက်ကို ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ သင်္ကန်းတောရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်မည်မျှ မီးလောင်ပြာကျသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်သားများက လက်ရှိချိန်ထိ ကျေးရွာအတွင်း၌ ရှိနေသေးကြောင်း သိရသည်။

“သင်္ကန်းတောရွာလေးကို စစ်​​ခွေးတွေ ဝင်ရောက် စီးနင်းမီးရှို့နေတာပါ။ အိမ်ဘယ်နှလုံး မီးရှို့ ဖျက်ဆီးခံရလဲဆိုတာတော့ မသိသေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article