28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရှမ်းပြည်နယ်မှာ တရားမဝင် ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပါဝင်ပတ်သက်မှုနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်ဇော်ဦးကို ရာထူးကနေ ဖယ်ရှားဖမ်းဆီးလိုက်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park ကနေ မဲဆောက်မြို့ကို ထွက်ပြေးလာတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ အယောက် ၁ထောင်ကျော် ရှိလာနေပြီး သောင်ရင်းမြစ်ဖြတ်ကူးရင်း ရေနစ်သေသူ ၃ ဦးထက်မနည်း ရှိနေတယ်လို့ ထိုင်းသတင်းဌာန Khaosod မှာ သတင်းဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က မသန်စွမ်းတွေကို နေအိမ်တွေမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုခဲ့ပါတယ်။

ကချင်လွတ်မြောက်နယ်မှာ ဆရာဝန်၊ သူနာပြုပညာရပ်အပါအဝင် ပညာရပ်စုံတက္ကသိုလ်အသီးသီးက ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်တွေကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်ကာ လျှောက်ထားနိုင်ကြောင်း စတင်ဖိတ်ခေါ်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article