32 C
Yangon

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင် အထည်ဖော်ရန်နှင့် အားလုံးပါဝင်သော တရားမျှတ လွတ်လပ်သည့် ရွေး ကောက်ပွဲဖြစ်ရေး အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထပ်ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန်နှင့် အားလုံးပါဝင်သော တရားမျှတ လွတ် လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် မြန်မာစစ်တပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က တောင်းဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မလေးရှားနိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အကောင်အထည်ဖော်ရန် မခက်ခဲကြောင်း၊ ထို့ကြောင့် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဖြန့်ဝေခွင့် ပြုသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

မြန်မာအကြမ်းဖက်စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယင်းရွေးကောက်ပွဲကို ရပ်တန့်နိုင်မည်မဟုတ်သော်လည်း တရားမျှ တ ပွင့်လင်းမြင်သာပြီး လွတ်လပ်ကာ အားလုံးပါဝင်စေလိုကြောင်း ၎င်းက ပြောဆိုသည်။

“ရွေးကောက်ပွဲကပြည်သူအားလုံး ပါဝင်ရမယ်။ လူတချို့ပဲပါနိုင်ပြီး ကျန်တဲ့သူတွေ မပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကို ကျနော်တို့ မလိုချင်ပါဘူး။ မြန်မာ့ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ အာဆီယံထိပ်သီး နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အစည်း အဝေးမှာ ဆွေးနွေးဖို့ရှိနေပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက် တိုဘာလ ၂၈ ရက်နေ့အထိ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေး ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် အာဆီယံက ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article