32 C
Yangon

ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးသွားကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၄ရက်နေ့ ညပိုင်း ပခုက္ကူတပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၃ စီးဖြင့် ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့မှု ၂ ကြိမ်တိုင် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထန်းတပင်ကျေးရွာမှ အသက် ၄၇နှစ်အရွယ် ဒေါ်ဆန်းမြင့်ဦး ၊ အသက် ၅၇နှစ်အရွယ် မဌေးကြည် တို့ သေဆုံးသွားကြောင်း၊ ယင်းအပြင် အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရှိပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာပါ ။ ပြည်သူ ၂ ဦးသေဆုံးတယ် ထန်းတပင်ရွာကပါ။ လေကြောင်းအန္တရာယ်ကတော့အမြဲစိုးရိမ်နေရပါတယ်” ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၆ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းရှိ အဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်းသိရှိရသည်။

လတ်တလော စစ်တပ်က ပခုက္ကူမြို့နယ်တွင် နယ်မြေရှင်းလင်းအမည်တပ်၍ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး ပြည်သူများမှာလည်း စစ်ဘေးရှောင်နေရကြောင်း၊ ပခုက္ကူမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်တပ်အကြား စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article