ဒီကနေ့ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာစစ်အုပ်စုက ကျူးလွန်နေတဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အာဆီယံက အဆုံးသတ်ပြီး စစ်တပ် ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့အတွက် Justice For Myanmar (JFM) က တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးတွေ အပါအဝင် စစ်အရာရှိကြီး ၃၀ နီးပါးကို ရာထူးနှင့်နေရာ အပြောင်းအလဲတွေ ပြုလုပ်နေ တယ် လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီကို အကြမ်းဖက် စစ်တပ်က အက်ဆစ်ကားတွေ ပို့ဆောင်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ နမခ ဌာနချုပ်မှာ အင်အားဖြည့်တင်းနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




