30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရန်ကုန်မြို့မှာ မအောင်မြင်တဲ့ 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေး တင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင် ဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတုကြီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံလိုက်ရပြီလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာ မြ၀တီမြို့နယ်က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ KK Park အတွင်း အဆောက်အအုံတချို ပေါက်ကွဲမှုဖြစ်ပွားပြီး BGF ကပဲ သူတို့ဘာသာ ပြန်ပြီး ဖောက်ခွဲနေတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

-အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာ အွန်လိုင်းငွေလိမ်ဂိုဏ်း တွေရဲ့ နာမည်ကျော် KK Park ကနေ ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေ ဟာ သူတို့ ငွေကြေးလိမ်လည်မှု လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ဖုန်းဟန်းဆက်တွေကို မြဝတီမြို့မှာ ရတဲ့ဈေးနဲ့ ပြန်လည် ရောင်းချတဲ့ ဈေးကွက်တစ်ခုပေါ်ပေါက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article