အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဒါရိုက်တာကိုပေါက် ရိုက်ကူးပြီး မင်းသား မင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားသည့် “ပြုံးပြုံးလေး” ဇာတ်ကားကို ရုံတင်ပြသခဲ့ကြောင်း ထောက်ပို့ပြည်သူများနှင့်အတူ ပရိသတ်ရာချီတက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရုပ်ရှင်မှ ရရှိလာသောရန်ပုံငွေများကို ပညာရေးအတွက် ၅၀ ရာခိုင်နှုန်းနှင့် မြေပြင် တပ်ရင်းတပ်ဖွဲ့များအတွက် ၅၀ ရာခိုင်နှုန်း တိုက်ရိုက်စီးဆင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။






