ဒီကနေ့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
NLD အစိုးရက လူ၀င်မှု ကြီးကြပ်ရေး ဥပဒေ၊ ဧည့်စာရင်းဥပဒေနှင့် နောက်ယောင်ခံ ဥပဒေတို့ကို ဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံတော်အချုပ် အခြာအာဏာကို ချိုးဖောက်ခဲ့တယ်လို့ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ဒေါသတကြီး မှတ်ချက်ပြုပြောပါ တယ်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင် လမ်းပေါ်မှာ ခရီးသည်တင်ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်တွေ ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းရဲ့ တာဝန်ခံကိုမြတ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသား တစ်ယောက်ကိုလည်း မီးရှို့သတ်သွားတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




