30 C
Yangon

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲနှင့် ထွက်ပေါ်လာမည့် ရလဒ် များကို ဆန့်ကျင်ကန့်ကွက်ဟု ချင်းပြည်ကောင်စီ က ကြေညာ၊ ရွေးကောက်ပွဲဝင်မည့် CNLD ခေါင်းဆောင် ၄ ဦးကို ပါတီက ထုတ်ပယ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ချင်းပြည်နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအစီအစဉ်အားလုံး နှင့် ထွက်ပေါ်လာမည့် ရလဒ်များကို လုံးဝ (လုံးဝ) ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းပြည်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကော်မရှင်သည် စစ်အာဏာရှင်စနစ်နှင့် စစ်တပ်အုပ်ချုပ်ရေး အာဏာ တည်မြဲရေး အတွက် ၎င်းတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင်၊ ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ပိုင်ခွင့်အာဏာများကို ဖျောက်ဖျက်ကျူးလွန်ကာ ရွေးကောက် ပွဲ အပိုင်း ၁ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မဖြစ်မနေပြုလုပ်နိုင်ရေးအတွက် မဲစာရင်း များ စုစည်းခြင်း၊ Non-CDM ဝန်ထမ်းများနှင့် ဒီမိုကရေစီအရောင်ဆိုး နိုင်ငံရေးပါတီများကို အသုံးချ ကာ မဲစာရင်းများကြည့်ရှုရန် လှုံ့ဆော်ခြင်း၊ မဲပေးစက်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်စမ်း သပ် လေ့ကျင့်ပေးမှုများကို ပြုလုပ်နေကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကော်မရှင်သည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများအား လိမ်လည်လှည့်ဖြားကာ ရွေး ကောက်ပွဲဥပဒေ များကို ပြင်ဆင်ပြဌာန်းပြီး ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်ဘေး ရှောင် နေရပ်စွန့်ခွာ အပြစ်မဲ့ပြည်သူများ ကြိုတင် မဲပေးနိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကော်မရှင်၏ တရားမဝင်သော အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ် အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးသို့သာ ဦးတည်နေသည်ဖြစ်၍ နိုင်ငံရေးပဋိပက္ခကိုသာ ကြံ့ ကြာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့်နိုင်ငံတကာ အ သိုက်အဝန်းများအနေဖြင့် ဤအတုအယောင် ရွေးကောက်ပွဲအား အသိအမှတ် မပြုရန်နှင့် မည်သည့် ပံ့ပိုးမှုမျှ မပြုလုပ်ကြပါရန် ချင်းပြည်ကောင်စီက အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။

ချင်းပြည် (Chinland) ကောင်စီအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေး ကောက်ပွဲ အစီအစဉ်အားလုံးနှင့် ထွက်ပေါ်လာမည့် ရလဒ် များကို လုံးဝ (လုံးဝ) ဆန့်ကျင်ကန့်ကွက် ကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်ခြင်းသည် စစ်တပ်အုပ် ချုပ်ရေးကို သက် ဆိုးရှည်စေမည့် အထောက်အကူပေးမှုဖြစ်ကြောင်း ယခုကတည်းကသိရှိနားလည် ထားကြပါရန်၊ ချင်းပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အစီအစဉ် များအပေါ် ပူးပေါင်း ဆောင်ရွက်မှုမပြုကြရန်။ အတင်းအဓမ္မဆန္ဒမဲပေးရန်စေခိုင်းခြင်းအပေါ် မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးကာ ဆန္ဒမဲပေးခြင်းမပြုကြပါရန် အလေးအနက် တိုက်တွန်းထားသည်။

‎‎ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီက စစ်တပ်၏ ရွေးကောက်ပွဲဝင်မည့် ခေါင်းဆောင်းပိုင်း ၄ ဦးကို ထုတ်ပယ်လိုက် ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) က ကြေညာသည်။

ထုတ်ပယ်လိုက်သည့် ‎အဆိုပါ ၄ ဦးမှာ Pu No Than Kap, Pu Zozam (ခေါ်) Zam Cin Pau ,Salai Nhagepi (ခေါ် ) Thian Uk Thang ၊ Pu Van Hmun Lian တို့ဖြစ်ပြီး CNLD ပါတီနှင့် လုံးဝမသက်ဆိုင်​ကြောင်း ယမန်နေ့ သတင်းထုတ်ပြန်သည်။

‎CNLD ပါတီက အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံမတင်တော့ဘဲ အမျိုးသားတန်တူးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ တစိုက်မတ်မတ် ရပ်တည်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article